မြန်မာအမျိုးသမီးများအတွက်
Singapore အိမ်အကူအလုပ်အတွက် အချက်အလက်နှင့် ပြင်ဆင်မှု
mingalarSG မှာ Singapore အိမ်အကူအလုပ်သွားလိုသူများအတွက် အလုပ်လိုအပ်ချက်၊ လျှောက်ထားပုံ၊ ကုန်ကျစရိတ်၊ English လေ့လာမှုနဲ့ Interview ပြင်ဆင်မှုတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။
Singapore အိမ်အကူအလုပ်အကြောင်း သိထားရမယ့်အချက်များ
လိုအပ်ချက်၊ ကုန်ကျစရိတ်နဲ့ လုပ်ဆောင်ရမယ့်အဆင့်များ
English၊ Interview နဲ့ အလုပ်အတွက် လေ့လာပြင်ဆင်မှု
mingalarSG Learning
Learner Account ရှိပြီးသားလား?
လက်ခံရွေးချယ်ထားတဲ့ Learner များက English၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အလုပ်လုပ်ဆောင်ပုံနဲ့ Interview ပြင်ဆင်မှုတွေကို Login ဝင်ပြီး ဆက်လေ့လာနိုင်ပါတယ်။
Learner Account ကို လျှောက်လွှာစစ်ဆေးပြီး လက်ခံထားသူများအတွက် mingalarSG Admin မှ ဖွင့်ပေးပါမယ်။
မလျှောက်ခင် သေချာဖတ်ပါ
Singapore အိမ်အကူအလုပ်အကြောင်းနှင့် လိုအပ်ချက်များ
အလုပ်အခြေအနေ၊ မဖြစ်မနေလိုအပ်ချက်တွေနဲ့ လိုအပ်တဲ့ စိတ်နေစိတ်ထားတွေကို အရင်နားလည်ပြီး ကိုယ်နဲ့တကယ်ကိုက်ညီမှုရှိ၊ မရှိ စဉ်းစားဆုံးဖြတ်ပေးပါ။
အလုပ်အခြေအနေမှန်
Singapore အိမ်အကူအလုပ်က အိမ်ရှင်မိသားစုနဲ့အတူနေပြီး သူတို့အိမ်ရဲ့ နေ့စဉ်အိမ်မှုကိစ္စတွေကို တာဝန်ယူလုပ်ပေးရတဲ့အလုပ်ပါ။
အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်နဲ့ မီးပူတိုက်ခြင်း
ထမင်းဟင်းချက်ခြင်းနဲ့ ဈေးဝယ်ခြင်း
ကလေး သို့မဟုတ် သက်ကြီးရွယ်အိုကို ကူညီစောင့်ရှောက်ခြင်း
အိမ်ရှင်သင်ပေးတဲ့ပုံစံနဲ့ စည်းကမ်းအတိုင်း လုပ်နိုင်ခြင်း
ကိုယ်ရော စိတ်ရော ပင်ပန်းနိုင်တဲ့အလုပ်ကို နားလည်ခြင်း
မဖြစ်မနေလိုအပ်ချက်များ
အောက်ကလိုအပ်ချက်တွေနဲ့ မကိုက်ညီသေးရင် လောလောဆယ် လျှောက်ထားလို့မရသေးပါဘူး။
အသက် ၂၃ နှစ်မှ ၃၉ နှစ်အတွင်း ဖြစ်ရမယ်
နေ့စဉ်အိမ်အလုပ်လုပ်နိုင်လောက်အောင် ကျန်းမာရမယ်
အခြေခံ English စကား နားလည်ပြောနိုင်ရမယ်
အိမ်အလုပ်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမယ်
အနည်းဆုံး ၈ တန်းအောင်ရမယ်
လိုအပ်တဲ့ စိတ်နေစိတ်ထား
အလုပ်လိုချင်လို့ အကုန်လုပ်နိုင်တယ်ဆိုပြီး အလွယ်တကူမဖြေဘဲ ကိုယ်တကယ်လုပ်နိုင်၊ မလုပ်နိုင် စဉ်းစားဖို့လိုပါတယ်။
စိတ်ရှည်ပြီး ဒေါသထိန်းနိုင်ရမယ်
ပင်ပန်းတာကို ခံနိုင်ပြီး အလုပ်ကို တာဝန်ယူရမယ်
အိမ်ရှင်ညွှန်ကြားတာကို လေ့လာလိုက်နာနိုင်ရမယ်
အလုပ်ချိန်မှာ ဖုန်းအသုံးပြုတာကို ထိန်းနိုင်ရမယ်
နှစ်နှစ်စာချုပ်ပြည့်အောင် လုပ်ချင်စိတ်ရှိရမယ်
အရာရာရွေးချယ်ပြီး ကွန်ပလိန်းမတက်ရဘူး
ကျန်းမာရေးနဲ့ အတွေ့အကြုံကို အမှန်အတိုင်း ပြောရမယ်
Passport လိုအပ်ချက်နှင့် အကူအညီ
Passport ရှိပြီးသားသူ၊ မလုပ်ဖူးသေးသူနဲ့ Passport အဟောင်းရှိသူတွေအတွက် လုပ်ဆောင်ရမယ့်ပုံစံ မတူပါဘူး။
PJ သို့မဟုတ် PV Passport သက်တမ်း အနည်းဆုံး ၈ လကျန်ရမယ်
Passport အသစ် ပုံမှန်လုပ်ခကို mingalarSG က ကူညီပေးမယ်
Passport သက်တမ်းတိုးခ ၂ သိန်းခွဲအထိ စိုက်ထုတ်ပေးမယ်
ပျောက်ဆုံး Passport ပြန်လုပ်ခ ၂ သိန်းခွဲအထိ စိုက်ထုတ်ပေးမယ်
အမြန်ကြေး၊ ပွဲစားခနဲ့ အပိုကုန်ကျစရိတ်ကို ကိုယ်တိုင်ကျခံရမယ်
လျှောက်လွှာဖြည့်လိုက်တာနဲ့ ချက်ချင်းလက်ခံလိုက်တာ မဟုတ်သေးပါဘူး။ အချက်အလက်တွေကို အရင်စစ်ဆေးပြီး ကိုက်ညီသူတွေကို ဖုန်းဆက်ကာ နောက်တစ်ဆင့်အတွက် ပြောပြပေးပါမယ်။
ကုန်ကျစရိတ်နှင့် ပေးချေမှု
ကြိုတင်ငွေပေးစရာမလိုတဲ့ လဖြတ်အကြွေးစနစ်
Singapore သွားဖို့ လိုအပ်တဲ့ကုန်ကျစရိတ်တွေကို အစကတည်းက ကိုယ်တိုင်ငွေထုတ်ပေးစရာမလိုပါဘူး။ အလုပ်ရပြီး လစာစရတဲ့အချိန်မှ သတ်မှတ်ထားတဲ့လအတိုင်း လစာထဲက ဖြတ်ဆပ်ရပါတယ်။
လူသစ်
၄ လဖြတ်
Singapore မှာ အိမ်အကူအလုပ် မလုပ်ဖူးသေးတဲ့သူ
Singapore အတွေ့အကြုံရှိသူ
၂ လခွဲဖြတ်
Singapore အိမ်အကူအတွေ့အကြုံရှိပြီး လစာ S$600 နှင့်အထက်ရသူ
Singapore မသွားခင် ကြိုတင်ငွေပေးစရာမလိုပါ
သတ်မှတ်ထားတဲ့ လဖြတ်အကြွေးက အကုန်အပြီးအစီးဖြစ်ပါတယ်
အလုပ်ရပြီး လစာစရတဲ့အချိန်မှ လစာထဲက ဖြတ်ဆပ်ရပါတယ်
မဆက်လုပ်ခင် လဖြတ်ကာလနဲ့ စုစုပေါင်းပမာဏကို ရှင်းပြပေးပါတယ်
လျှောက်ထားပြီးနောက်
လုပ်ဆောင်ရမယ့် အဆင့်များ
လျှောက်လွှာဖြည့်လိုက်တာနဲ့ ချက်ချင်းအလုပ်ရတာ မဟုတ်ပါဘူး။ ကိုက်ညီမှုစစ်ဆေးခြင်း၊ လေ့လာပြင်ဆင်ခြင်းနဲ့ အိမ်ရှင်ရွေးချယ်ခြင်းတွေကို အဆင့်ဆင့်လုပ်ရပါမယ်။
၁
လျှောက်လွှာဖြည့်မယ်
ကိုယ်ရေးအချက်အလက်၊ အလုပ်အတွေ့အကြုံ၊ ကျန်းမာရေးနဲ့ ကျွမ်းကျင်မှုတွေကို အမှန်အတိုင်း ဖြည့်ရပါမယ်။
၂
ဖုန်းနဲ့ အရင်စစ်မယ်
အချက်အလက်တွေကို စစ်ဆေးပြီး ကိုက်ညီသူတွေကို ဖုန်းဆက်ကာ နောက်တစ်ဆင့် လုပ်ရမယ့်အရာတွေ ပြောပြပါမယ်။
၃
ရုံးမှာ စစ်ဆေးမယ်
စာရွက်စာတမ်း၊ English အခြေခံနဲ့ Singapore အလုပ်အတွက် လိုအပ်တဲ့ စိတ်နေသဘောထားကို စစ်ဆေးပါမယ်။
၄
လေ့လာပြင်ဆင်မယ်
English၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အလုပ်လုပ်ဆောင်ပုံနဲ့ Interview အတွက် လေ့လာလေ့ကျင့်ရပါမယ်။
၅
အိမ်ရှင်နဲ့ Interview လုပ်မယ်
ကိုယ့်အခြေအနေနဲ့ ကိုက်ညီနိုင်မယ့် အိမ်ရှင်ကို ရှာဖွေပြီး Video Interview လုပ်နိုင်အောင် စီစဉ်ပေးပါမယ်။
၆
စာရွက်စာတမ်းနဲ့ ခရီးစဉ်
အိမ်ရှင်အတည်ပြုပြီးရင် လိုအပ်တဲ့စာရွက်စာတမ်း၊ ဆေးစစ်နဲ့ Singapore သွားမယ့်ခရီးစဉ်ကို ဆက်လုပ်ပါမယ်။
Singapore ရောက်ပြီးနောက်
အလုပ်အဆင်မပြေရင် ဘယ်လိုကူညီပေးမလဲ
Singapore ရောက်ပြီး ပထမ ၅ လအတွင်း အလုပ်မှာ ပြင်းထန်တဲ့အခက်အခဲဖြစ်လာရင် mingalarSG က အိမ်ရှင်နဲ့ အိမ်အကူ နှစ်ဖက်လုံးရဲ့အခြေအနေကို နားထောင်ပြီး ကူညီညှိနှိုင်းပေးပါတယ်။
ဒီစနစ်က တစ်ဖက်တည်းကို ကာကွယ်ပေးတာမဟုတ်ပါဘူး။ ဘာဖြစ်ခဲ့လဲ၊ မသွားခင် ဘာတွေသဘောတူထားလဲနဲ့ ဘယ်သူ့ဘက်က ဘာတာဝန်ရှိလဲဆိုတာကို ကြည့်ပြီးမှ ဆက်လုပ်ရမယ့်နည်းလမ်းကို ဆုံးဖြတ်ပါတယ်။
နှစ်ဖက်လုံးကို နားထောင်မယ်
အိမ်ရှင်ပြောတာတစ်ခုတည်းနဲ့ အိမ်အကူအပြစ်လို့ မဆုံးဖြတ်ပါဘူး။ နှစ်ဖက်လုံးရဲ့အခြေအနေကို သီးသန့်မေးမြန်းပါတယ်။
အရင်ဆုံး ညှိနှိုင်းပေးမယ်
ပြဿနာရဲ့အကြောင်းရင်းကို စစ်ဆေးပြီး ပြင်လို့ရရင် အိမ်ရှင်နဲ့ ပြောဆိုညှိနှိုင်းပေးပါတယ်။
လိုအပ်ရင် အိမ်အသစ်ရှာပေးမယ်
နှစ်ဖက်လုံးကြိုးစားပေမယ့် တကယ်မကိုက်ညီရင် အခြေအနေသင့်တော်သလို Singapore မှာ အိမ်ရှင်အသစ်ရှာပေးဖို့ ကူညီနိုင်ပါတယ်။